Zapya လုံခြုံရေး
Zapya ဆိုတာ ဖုန်းအချင်းချင်း Files တွေပေးပို့ရာမှာ သုံးကြပါတယ်။ Zapya လုံခြုံရေး ဆိုတာက အချင်းချင်း Files တွေပေးပို့နေချိန်မှာ မိမိ ဖုန်းထဲက သူများမသိစေလိုတဲ့ ဆော့ဝဲလ် တွေကို သင်မသိဘဲ တခြားလူတစ်ယောက်က Peek လုပ်ပြီး ယူမသွားနိုင်အောင်ကာကွယ်ပေးတာပါ။ဒါ့အပြင် သင်တို့အချင်းချင်း Zapya နဲ့ Files တွေပေးပို့နေချိန်မှာ တခြားတစ်ယောက်က သင့်ကို Search လုပ်ပြီး မသင့်တော်သော Files တွေ သင့်ကိုမပေးပို့နိုင်အောင်လည်းကာကွယ်ပေးတာပါ။
*
ပြုလုပ်နည်း
Zapya ဆော့ဝဲလ်အားဖွင့်လိုက်ပါ။ပုံမှာပြထားသည့်အတိုင်း ညာဘက်ဆွဲပေးပါ။

အောက်က Setting ကိုနှိပ်လိုက်ပါ။

ပုံတွင်ပြထားသည့်အတိုင်း Set Connection Password ကိုနှိပ်ပါ။

Password တောင်းပါလိမ့်မယ်။သင်မှတ်မိလွယ်သော Password (စကားဝှက်) ၈ လုံး ရေးထည့်ပါ။

Password ထည့်ပြီးရင် Apply ကိုနှိပ်လိုက်ပါ။
အောက်က Disable Peek Function ကိုနှိပ်ပေးပါ။

နှစ်ခုလုံး ဖွင့်ပြီးသွားရင် သင့်ရဲ့ Zapya က လုံခြုံသွားပါပြီ။

ယခုကဲ့သို့ လုပ်ပြီး Zapay ဖွင့်ပြီးစမ်းသပ်ကြည့်ပါ။သင်က Create and Join လုပ်ရင် တခြားသူက ရှာရမှာပါ။ရှာတဲ့သူရဲ့ ဖုန်းမှာ သင့် Zapya ကို တွေ့သော်လည်း တခြားသူတွေ လာချိတ်ချင်တိုင်းချိတ်လို့မရတော့ပါဘူး။ဘာလို့လဲ ဆိုတော့ သင်ထည့်ထားတဲ့ Password က တခြားဖုန်းမှာသွားခံနေလို့ပါ။တခြားသူက သင့်ရဲ့ Password ကိုမှန်အောင်ထည့်နိုင်မှသာ သင်နဲ့ချိတ်ဆက်၍ရမှာပါ။
**
Disable Peek Function ကတော့ သင့်ဖုန်းထဲ ဆော့ဝဲလ်တွေကို တခြားသူတွေ ဘယ်လိုပဲ Peek လုပ်ပြီးရှာရှာ မတွေ့နိုင်ပါဘူး။
အဆင်ပြေကြပါစေ။

posted from Bloggeroid
Comments
Post a Comment