မြန်မာစာမမှန်ရင်ဒီလိုလုပ်ပါ

အခုနောက်ပိုင်း Android Lollipop (version 5.1) တွေမှာ မြန်မာစာက အကုန်လုံးမမှန်တာတွေ့ရပါတယ်။တချို့ဖုန်းတွေမှာ System Language က မြန်မာလိုမှန်ပြီး ကျန်တဲ့ တခြား Software (Facebook,Viber,Beetalk,Browser) တို့မှာ မမှန်တာတွေ့ရတက်ပြီး တချို့ဖုန်းတွေကျတော့ System Language ကမြန်မာလို မမှန်ပါဘူး။ဒါပေမဲ့ ( Facebook,Viber,Beetalk)တို့မှာ မြန်မာလိုမှန်တက်ပြီး Browser မှာကျတော့ မမှန်တော့ပါဘူး။ ထိုကဲ့သို့ မြန်မာစာမမှန်သောဖုန်းများအတွက် မြန်မာစာအမှန်(Zawgyi Font) ထည့်သွင်းနည်းလေးပါ။
*
ပထမဆုံး သင့်ဖုန်းမှာ Root ရှိရပါမယ်။
(ကျွန်တော်ကတော့ Kingoroot ကိုပဲ သုံးပါတယ်) ။Root မရှိရင် ဒီမှာယူပါ > https://root-apk.kingoapp.com/kingoroot-download.htm <
ယခု Apk အား Download ရယူပြီး Install လုပ်ပါ။ Install လုပ်ပြီးရင် အင်တာနက်ဖွင့်ပါ။ ယခု Kingoroot ဆော့ဝဲလ် အားဖွင့်ပါ။... (သတိပြုရန် - သင့်ဖုန်းက Root ရှိပြီးသားဆိုရင် သော့ပုံစံလေးမှာ အစိမ်းရောင်ပေါ်နေပြီး သော့ခတ်ထားတဲ့ပုံစံပေါ်နေပါမယ်။Root မရှိသေးဘူးဆိုရင် သော့ပုံစံလေးမှာ အပြာရောင်ပေါ်နေပြီး သော့ပွင့်နေတဲ့ပုံစံပေါ်နေပါမယ်)...
Root ရှိပြီးသားသူများက ဒီအဆင့်ကိုလုပ်စရာမလိုပါဘူး။ဘာလုပ်ရမှာလဲ ဆိုတော့ အင်တာနက်ကိုဖွင့်ပြီး One Click Root ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။ရာခိုင်နှုန်းနဲ့ စက်ဝိုင်းလေးက လည်နေပါမယ်။ 100% ပြည့်တဲ့အထိစောင့်ပေးလိုက်ပါ။100% ပြည့်သွားရင် Root Succeded ဆိုတာပြပြီး ခုနက Root မလုပ်ရသေးတဲ့ သော့ပွင့်ပုံစံအပြာရောင်လေးဟာ သော့ခတ်ထားတဲ့ အစိမ်းရောင် ပုံစံပြောင်းသွားပါပြီ။ သော့ခတ်အစိမ်းရောင်ပေါ်သွားရင် သင် Root လုပ်တာ အောင်မြင်သွားပါပြီ။

Root ရှိပြီးသွားပြီဆိုရင်တော့ သင့်ဖုန်း မြန်မာစာ မမှန်တာ ပြောင်းလို့ရပါပြီ။မြန်မာစာ ကိုအမှန်ပြောင်းဖို့အတွက် Myanmar Font Changer ဆော့ဝဲလ် လိုအပ်ပါတယ်။ ဒီမှာယူပါ > https://m.apkpure.com/myanmar-font-changer/com.htetznaing.mmfontchanger/download?from=details <
Myanmar Font Changer apk အား Download ရယူပါ။ ရသွားပြီဆိုရင် Install လုပ်ပါ။ ဆော့ဝဲလ် အားဖွင့်လိုက်ပါ။ ဘာမှမနှိပ်မိပါစေနဲ့။ ဘယ်ဘက်အပေါ်စွန်းရှိ ခလုတ်အားနှိပ်လိုက်ပါ။ အဲဒိမှာ ဖုန်းအမျိုးအစား အမျိုးပါပါတယ်။ ( Huawei . Oppo . Vivo . Xiaomi ) ဆိုပြီးတွေ့ရပါမယ်။ သင့်ဖုန်းအမျိုးစားပါတာကို ရွေးပေးလိုက်ပါ။ တကယ်လို့ အဲဒိဖုန်းအမျိုးအစားတွေထဲမှာ သင့်ဖုန်းမပါဘူး ဆိုရင် အောက်က All Android [#Root) ဆိုတာကို ရွေးပေးလိုက်ပါ။ ထို့နောက် ( Install . Restore . Toturial ) ဆိုပြီး စာတန်းနဲ့နှိပ်စရာခလုတ်သုံးခု ပေါ်နေပါမယ်။ Install ကိုနှိပ်ပေးလိုက်ပါ။ ခဏစောင့်ပေးလိုက်ပါ။ ခဏကြာရင် Reboot ချခိုင်းပါလိမ့်မယ်။ Ok ကိုနှိပ်ပေးလိုက်ပါ။ ဖုန်းပါဝါ ပိတ်သွားပြီး ပြန်ပွင့်လာတဲ့အခါ သင့်ဖုန်း မြန်မာစာ ကို မှန်ကန်စွာ တွေ့မြင်ရပါပြီ။

***

သေချာစမ်းသပ်ပြီးမှသာ တင်တာဖြစ်သည့်အတွက် Error လုံးဝမရှိကြောင်း အာမခံပါသည်။ ဒါပေမဲ့ အပေါ်က Download Link တွေမှာ Download မရခဲ့ရင် ပြန်ပြောပေးပါ။ PCloud နဲ့ပြန်တင်ပေးပါမယ်။ ( Download လုပ်နည်း နောက်တစ်ခုက - ယခု Download ပြုလုပ်ရန် ချထားသည့် Link အား ဖိနှိပ်ထားပါ။ အပြာစာကြောင်းလေးတွေပေါ်လာပါမယ်။ link ရှိ စကားလုံးသာ ရွေးပေးပြီး Copy လုပ်ထားပါ။ ထို့နောက် Browser အားဖွင့်လိုက်ပါ။ Search ဆိုတဲ့အကွက်လေးတွေ့ပါမယ်။ ထိုအကွက်အား ဖိထားပါ။ Paste ဆိုတဲ့ စာသားလေး အကွက်ဘေးမှာ ပေါ်လာပါမယ်။ Paste ကိုနှိပ်လိုက်ပြီး Search ကိုနှိပ်လိုက်ပါ။ အလိုအလျောက် သင့်ဖုန်းထဲသို့ Download ပြုလုပ်ပေးပါလိမ့်မည်) ။

အဆင်ပြေကြပါစေ။

ပြုလုပ်နည်းကို ပြောပြခဲ့တာနားမလည်ဘူးဆိုရင် Viber (+959442515692) ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။

posted from Bloggeroid

Comments

Popular Posts